Saturday 27 April 2013

"မဟာဗုဒ္ဓ၀င်အကျဉ်းအပိုင်း(၁)"


“ဘုရင်သုဒ္ဓေါဓန နဲ့ မိဘုရားမဟာမယာ”

ဗုဒ္ဓမြတ်စွာ ပွင့်တော်မမှုခင်က အိန္ဒိယနိုင်ငံကို ဇမ္ဗူဒီပလို့ ခေါ်ပါတယ်။ ဇမ္ဗူဒီပနိုင်ငံကို ဘုရင်များအုပ်ချူပ်သော မင်းနိုင်ငံများ၊ မျိုးနွယ်စုများ အုပ်ချူပ်သော နိုင်ငံငယ်များအားဖြင့် ခွဲခြားကာ အသီးသီး အုပ်ချူပ်ကြပါတယ်။ ထိုကဲ့သို့ များစွာသော နိုင်ငံများတွင် ရပတီမြစ်ရဲ့ မြောက်အရပ် ဟိမ၀န္တာတောင်ရဲ့ အနီးနားမှာ တည်ရှိတဲ့ ကပိလ၀တ္ထုလို့ခေါ်တဲ့ နိုင်ငံငယ်လေး တစ်ခုရှိပါတယ်။ ထိုကပိလ၀တ္ထုနိုင်ငံကို သကျသာကီဝင် အနွယ်ဖြစ်တဲ့ ဘုရင်သုဒ္ဓေါဓနအမည်ရှိတဲ့ မင်းတစ်ပါးက အုပ်ချူပ်ပါတယ်။ ဘုရင်သုဒ္ဓေါဓနဘုရင်ရဲ့ မျိုးနွယ်အမည်ကတော့ ဂေါတမ မျိုးနွယ်ဖြစ်ပါတယ်။ မာယာလို့အမည်ရှိတဲ့ မိဘုရားတစ်ပါးဟာ ဘုရင်သုဒ္ဓေါဓနရဲ့ မိဘုရားဖြစ်ပါတယ်။
ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမဟာမာယာတို့ဟာ လက်ထပ်ပြီးနောက်မှာ နှစ်ဦးသား ပျော်ရွှင်စွာနေထိုင်ကြပါတယ်။ ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမာယာတို့ဟာ အလွန်စိတ်ထားကောင်းကြတဲ့အတွက်ကြောင့် တိုင်းပြည်မှာရှိတဲ့ လူသားအားလုံးဟာရဲ့ ချစ်ခြင်းကို ခံကြရပါတယ်။ ဒါပေမယ့် သူတို့မှာ သားတော်တစ်ယောက်မှ မရှိကြသေးပါဘူး၊ ဒီအတွက် အချိန်များစွာတိုင်အောင် သားတစ်ယောက်ကို ရရှိဖို့ မျှော်လင့်နေကြပါတယ်။
တစ်ခုသော လပြည့်ညတစ်ညမှာ မိဘုရားမဟာမယာဟာ လေးယောက်သော နတ်များက ဟိမ၀န္တာမှာရှိသော အနောတ္တရေအိုင်သို့ သယ်ဆောင်ပြီး သူမကိုရေချိုးပေးတယ်။ ရေချိုးပြီးတဲ့နောက်မှာ နတ်ဝတ်တန်ဆာများကို ၀တ်ဆင်မြန်းပေးကြပါတယ်။ ခဏအကြာမှာ ဆင်ဖြူတော်တစ်ကောင်ဟာ ကြာဖြူတစ်ပွင့်ကို သူရဲ့နှာမောင်းနဲ့ သယ်ဆောင်ရင်း မဟာမယာရဲ့ ပတ်လည်မှာ ရောက်ရှိလာပြီး သုံးကြိမ်တိုင်တိုင် လည်ပတ်ပြီး ပျောက်ကွယ်သွားပါတယ်လို့ အိပ်မက်မြင်မက်ပါတယ်။ မဟာမာယာဟာ နိုးထလာပြီးတော့ ဒါဟာ အိပ်မက်တစ်ခု ဖြစ်တယ်ဆိုတာ သိလိုက်ရပါတယ်။
နောက်တစ်နေ့ မနက်စောစောမှာပဲ မဟာမာယာဟာ သူရဲ့ ညက မက်ခဲ့တဲ့အိပ်မက် အကြောင်းကို ဘုရင်သုဒ္ဓေါဓနကို ပြန်ပြောပြပါတယ်။ ဘုရင်သုဒ္ဓေါဓနဟာ အိပ်မက်ရဲ့ အကြောင်းကို ကြားပြီးနောက် အံ့သြကာ အိပ်မက်ရဲ့ ထူးခြားဆန်းကြယ်ပုံအား ပညာရှိများကို နန်းတော်သို့ ဆင့်ခေါ်ပြီး အိပ်မက်ရဲ့အကြောင်းကို မေးမြန်းပါတယ်။
ပညာရှိများဟာ “မြတ်သောမင်းကြီး၊ နတ်ဗြဟ္မာများဟာ ကျွန်တော်မျိုးတိုရဲ့ မိဘုရားကြီးကို သူတော်စင်တစ်ဦး၏ မိခင်အဖြစ်ရွေးချယ်ကြတာကြောင့် အိပ်မက်ဟာ အလွန်ကောင်းတဲ အိပ်မက်တစ်ခုဖြစ်ပါတယ်။ သင်မင်းကြီးဟာ အလွန်ကို ကံကောင်းပါတယ်၊ မိဘုရားကြီးဟာ ဘုန်းကံကြီးမြတ်သော သားတော်တစ်ဦး ဖွားမြင်တော်မှုပါလိမ့်မယ်၊ အရှင်မင်းကြီး။” လို့ လျှောက်တင်ကြတဲ့အခါမှာ ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမဟာမာယာတို့ဟာ အိပ်မက်ရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး ကြားလိုက်ရတာကြောင့် အလွန့်အလွန်ကို ပျော်ရွှင်သွားကြပါတယ်။
ဘုရင်သုဒ္ဓေါဓနနဲ့ မိဘုရားမဟာမာယာတို့ဟာ သိပ်ပျော်သွားကြပြီး တိုင်းသူပြည်သားများကို သတင်းကောင်းပြောကြားဖို့အတွက် နန်းတော်သို့ ပင့်ဖိတ်ကာ အစားအသောက်များဖြင့် ကျွေးမွေးဧည့်ခံကြပါတယ်။ ဆင်းရဲ ချမ်းသာသူ မရွေးပေါ့။
(ဆက်လက်ဖတ်ရှု့ပါရန်)

No comments:

Post a Comment