Showing posts with label ဘာသာရေးဗဟုသုတ. Show all posts
Showing posts with label ဘာသာရေးဗဟုသုတ. Show all posts

Saturday, 14 April 2012

ကျီးကန်းတို့ရဲ့အမူအကျင့် ငါးမျိုး

 စာပေလိုက်စား ဗဟုသတလိုလားသူများကို ဒီတခါ မျှဝေပေးချင်တာက ကျီးကန်းတို့ဆီကနေ လူတွေ အတုယူစရာအမူအကျင့်ငါးမျိုးအကြောင်းဖြစ်ပါတယ်။ဒီအမူအကျင့်ငါးမျိုးကိုရာဇနီတိမှာအခုလိုတွ့ပါတယ်။
ဂုယှေ မေထုနာ ပေက္ခဉ္စ ၊ ဘောဇနံဥာတိသင်္ဂဟော။ဝိလောကာပေက္ခာနာလသျံ ၊ ပဉ္စသိက္ခေယျဝါယသာ။
(အဓိပ္ပာယ်) ကျီးကန်းတို့မည်သည်။
၁။ သူမမြင်သာ လျှို့ဝှက်ရာ၌ မေထုန်မှီဝဲခြင်း၊
၂။ အကြိမ်များစွာ ကြည့်ရှုဆင်ခြင်ခြင်း။
၃။ စားမည့်အစာကို ဆွေမျိုးတို့နှင့်အတူစားခြင်း
၎။ ရန်သူချောင်းမည် မချောင်းမည်ကို စောင်း၍ကြည့်ခြင်း။
၅။ မပျင်းရိခြင်း ဤငါးပါးတို့ကို ကျီးကန်းမှ သင်ယူရမည် လို့ ဆိုလိုပါတယ်။
(၁) အချက်ဆိုရင် ဒီနေ့ခေတ်မှာ အထူးပြုပြီးတော့ကို ကျီးကန်းတွေဆီမှာ သင်ယူသင့်နေပါပြီ။ ဘုရားကျိုဘုရားကြား၊ ကျောင်းကြိုကျောင်းကြားတောင် မဆင်ခြင်တော့ဘူး။ ဟိရီလို့ခေါ်တဲ့ မကောင်းမှုပြုရမှာကို ရှက်ခြင်းနဲ့ သြတ္တပ္ပလို့ခေါ်တဲ့ မကောင်းမှုပြုရမှာကို ကြောက်ခြင်းဆိုတဲ့ ဒီတရားနှစ်ပါးကို လောကပါလတရား လောကစောင့် တရားလို့ ခေါ်တယ်။ ဒီအရှက်အကြောက်တရားတွေကသာ လောကကို စောင့်ရှောက်တာဖြစ်တယ်။ ဒီတရားနှစ်ပါး ကင်းကွာရင် လောကပျက်စီးတတ်တယ်။ လူငယ်တွေ နိုင်ငံခြားကို အထင်ကြီး နိုင်ငံခြားကို အတုယူကြတဲ့အခါ ကိုယ်က မြန်မာလူမျိုး မြန်မာ့ယဉ်ကျေးမှုဆိုတဲ့ ဘောင်တွင်းမှာ နေနေတဲ့ ယဉ်ကျေးသော အမျိုးကောင်းသားသမီးတွေဖြစ်တော့ ဒီနှစ်ချက်နဲ့တော့ မိမိကိုယ်ကို ဘောင်ခတ်ကြဖို့ သင့်တယ်။ ဒါ အင်တာနက်ပေါ်မှာ လူငယ်တွေ အများစုရှိလို့ စေတနာနဲ့ ပြောတာပါ။
 (၂) အချက်ကိုလဲ သတိထားရမယ်။ အကြိမ်များစွာ ကြည့်တယ်ဆိုတဲ့နေရာမှာ တစ်ကြိမ်တစ်ခါ စမြင်ဖူးရုံမှာ အပြစ်အနာအဆာ သိပ်မတွေ့ဘူး။ မစေ့စပ်ဘူး။ အကြိမ်ကြိမ်ကြည့်လေ အသေးစိတ်သိလေဖြစ်လာတတ်တယ်။ ဘယ်အရာမဆို အကြိမ်ကြိမ် ကြည့်ရှုပါ။ စစ်ဆေးပါ။ ဒါဆို အကြည့်နဲ့အတူ အသိပါ တိုးလာနိုင်တယ်။ ဒါကြောင့် ဒါလဲ အတုယူစရာပါပဲ။
(၃)အချက်လဲ သိပ်ကောင်းတာပါပဲ။ ခုခေတ်မှာ သူ့စီးပွား ကိုယ့်စီးပွား အပြိုင်ရှာကြတာကတော့ သိပ်ကောင်းပါတယ်။ ဒါပေမယ့် ကိုယ်ကောင်းဖို့ သူတပါးကိုချနင်းတာမျိုးကတော့ မကောင်းဘူး။ ဘယ်သူသေသေ ငတေမှန်ရင်ပြီးရော၊ ကမ္ဘာမီးလောင် သားကောင်ချနင်း ဆိုတာမျိုးတွေ များလာတယ်။ ဒီတော့ တစ်ယောက်နဲ့တစ်ယောက် အမုန်းအငြိုး အာဃာတတွေ ဖြစ်လာတယ်။ ဒီအခါမှာ စီးပွားရှာတဲ့အခါလဲ အန္တရာယ်မကင်းတော့ဘူး။ မအေးချမ်းတော့ဘူး။ စီးပွားဘက်ချင်း လူသားချင်း မျှတတဲ့စိတ်ကလေးထားနိုင်ကြမယ်ဆိုရင် အေးအတူပူအမျှမသေခင်ဘ၀လေးမှာချမ်းသာ ပျော်ရွှင်စွာ
 နေနိုင်ပါတယ်။
(၄)အချက်ကလဲငါးစာသာမြင်ပြီးမျှားချိတ်မမြင်ဘူးဆိုတဲ့ မြန်မာစကားရှိတယ်။ တော်ရုံလူက ပျော်စရာရှိလဲ အတိုင်းမသိ လွှတ်ပျော်ပစ်လိုက်ကြတယ်။ ဒီတော့ ၀မ်းနည်းစရာကြုံလဲ လွှတ်ပြီး ခံစားပစ်ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခုဆို တစ်ခုပဲ ကြည့်တာကိုး။ ရမှုတစ်ခုကို ကြည့်တတ်ရင် ဆုံးရှုံးဖို့တစ်ခုကိုပါ ထည့်တွက်တတ်ရမယ်။ ဘယ်အရာမှာမဆိုပါပဲ။ လောကမှာက အကောင်းနဲ့အဆိုး အမြဲဒွန်တွဲနေတာ။ ဘယ်နေရာမှာမှ အကောင်းချည်း မလာဘူး။ သူတပါးဆီက ပစ္စည်းတစ်ခုလိုချင်ရင်  ကိုယ့်ပိုက်ဆံအိတ်ထဲက ပိုက်ဆံတစ်ချို့ လျော့သွားမှာကိုလဲ တွက်ထားရမယ်။ ဘုန်းကြီးလဲ ဒီလိုပဲပေါ့။ ဘုန်းကြီးတွေကို လာကတ်မှာစိုးလို့ပါ။သူများဆီကတစ်ခုကိုအလှူခံရရင်ကိုယ့်ဘက်ကလဲအကျင့်တစ်ခုနဲ့တော့ပြန်ပေးဆပ်
ရတာပဲ။ ပြောချင်တာက ဘာမှ အလကားအမြတ်ထွက်လာတာ မရှိဘူး။ ပေးဆပ်ခြင်းနဲ့ ရယူခြင်းဆိုတာ အမြဲ ရှိနေတတ်တယ်။ တခုခုကို ရယူတိုင်း ယူတိုင်း ပေးဆပ်ဖို့ တခုခုကို အမြဲ တွေးပေးရမယ်။ ဒါဆိုရင် အောင်မြင်ခြင်း ကျဆုံးခြင်းဆိုတဲ့ အတက်အကျလဲ မကွာဟနိုင်ဘူး။ကွာဟလာလဲခံနိုင်ရည်ရှိတယ်။
(၅) မပျင်းရိခြင်းကတော့ သိပ်ပြောဖို့လိုမယ်မထင်ပါဘူး။
ဒါပါပဲလေ။ အင်တာနက်သုံးနေတဲ့ လူငယ်တွေ လိုချင်တဲ့လူရှိလဲ သိနိုင်အောင်ဆို ကိုယ်ဖတ်ခဲ့ဖူးသမျှထဲက ထုတ်နုတ်ပြောပြတာပါ။ ဘာသာရေးစာစောင်တွေကျတော့လဲ ဖတ်ချင်မှ ဖတ်ကြမှာကိုး။ သူတို့ရှိတဲ့နေရာ လိုက်ရေးပေးရတာပါပဲ။အားလုံး မိမိရဲ့တာဝန်ကို ကျမ္မာချမ်းသာစွာရွက်ဆောင်နိုင်ကြပါစေ။
>>>Read more>>> >>

ရတနာ

ရတနာ ဟူသည် နှစ်သက် မြတ်နိုးတန်ဖိုး ထားအပ်ပြီး ကောင်းကျိုးချမ်းသာ ကိုပေးတက်သော ကြောင့် ရတနာ ဟုခေါ်သည် ဟု ကျွန်ုပ် ငယ်စဉ် ကတည်း ကပင် ဆရာကောင်း သမားကောင်း တို့၏ ကျေးဇူးကြောင့် မှတ်သားခဲ့ရ ပါသည်။ သို့သော်လည်း လောကတွင်ရှိရှိသမျှ ရတနာ တို့တွင် ဘုရား တရား သံဃာ တည်းဟူသော ရတနာ မြတ်သုံးပါးသည် လောကတွင် အသာလွန်ဆုံး အမြတ်ဆုံး အကောင်းမွန်ဆုံး ဆိုသည် မှာလည်း လုံးဝဧကန်ပင် ဖြစ်သည်မှာ ငြင်းစရာမလိုပေ။ အဘယ်ကြောင့် ဆိုသော် ရတနာ မြတ်သုံးပါးသည် ပစ္စုပ္ပန် တွင်သာ မက သံသရာ အကျိုး ၊ မဂ် ဖိုလ် နိဗ္ဗာန် တိုင်အောင် ကောင်းကျိုး ချမ်းသာကို ပေးတက်သောကြောင့် ဖြစ်သည်။
ထိုကြောင့် “ ဘုရား တရား သံဃာ ” ရတနာမြတ်သုံးပါး တို့ ၏ ဂုဏ်တော်များ နှင့် အနက်အဓိပ္ပါယ်တို့ အားတပေါင်းတစည်း ထဲ ထပ်မံ၍ ပူဇော်လိုက်ပါသည်။
ဘုရားရှင်၏ ဂုဏ်တော် (၉) ပါး
(၁)အရဟံ-လူ၊နတ်၊ဗြဟ္မာ၊သတ္တဝါတို့၏ပူဇော်အထူးကိုခံယူတော်မူထိုက်သော မြတ်စွာဘုရား မြတ်စွာဘုရား
(၂)သမ္မာသမ္ဗုဒ္ဓေါအလုံးစုံသောတရားတော်တို့ကိုဆရာမရှိဘဲတိကျမှန်ကန်စွာသိမြင်တော်မူသော မြတ်စွာ
ဘုရား မြတ်စွာဘုရား
(၃)ဝိဇ္ဇာစရဏသမ္ပန္နောအသိဝိဇ္ဇာသုံးပါး၊အကျင့်စရဏတစ်ဆယ့်ငါးပါးတို့နှင့် ပြည့်စုံတော်မူသော မြတ်စွာ
ဘုရား မြတ်စွာဘုရား
(၄) သုဂတော - ကောင်းသော စကားတို့ကို ဆိုတော်မူတက်သော မြတ်စွာဘုရား မြတ်စွာဘုရား
(၅) လောကဝိဒူ - လောကသုံးပါး တို့ကို အကုန်အစင် သိမြင်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား
(၆) အနုတ္တရော ပုရိသဓမ္မသာရတ္ထိ - မယဉ်ကျေးသော သူတို့ကို ယဉ်ကျေးအောင် ဆုံးမသော သူတို့တွင် အသာလွန် ဆုံး ဖြစ်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား
္တ(၇)သတ္တာဒေဝမနုဿနံလူ၊နတ်၊ ဗြဟ္မာ၊သတ္တဝါအပေါင်းတို့၏ဆရာ ဖြစ်တော်မူသော မြတ်စွာဘုရား
 မြတ်စွာဘုရား
(၈) ဗုဒ္ဓေါ - သစ္စာ လေးပါး အမှန်တရားတို့ကို သိပြီးသိစေတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား
(၉)ဘဂဝါ - ဘုန်းတန်ခိုး ကြီးမားတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရားတံ ဂုဏသမ္ပန္နံ - အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော သုံးလောကထွဋ္ဋ်ထား ထိုမြတ်စွာဘုရားကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။
တရားတော်၏ ဂုဏ်တော် (၆) ပါး
(၁)သွက္ခာတော - အစ၏ ကောင်းခြင်း ၊ အလယ်၏ ကောင်းခြင်း ၊ အဆုံး၏ ကောင်းခြင်း တို့နှင့် ပြည်စုံအောင် ကောင်းစွာဟောကြားအပ်သော တရားတော်မြတ် တရားတော်မြတ်
(၂)သန္ဒိဋ္ဌိကော - ကိုယ်တိုင်သိမြင် ထိုက်သော တရားတော်မြတ် တရားတော်မြတ်
(၃)အကာလိကော - အချိန်ကာလ မခြားပဲ အကျိုးပေး တက်သော တရားတော်မြတ် တရားတော်မြတ်
(၄)ဧဟိပဿိကော - လာပါ၊ ရှုပါ ၊ ကျင့်ကြံ ပါ ဟု ဖိတ်ခေါ် ပြသခြင်း ငှာ ထိုက်သော တရားတော်မြတ် တရားတော်မြတ်
(၅)သြပါနေယျိကော - အနီး ၌ ဆောင်ထားခြင်းငှာ ထိုက်သော တရားတော်မြတ် တရားတော်မြတ်
(၆)ပစ္စတ္တံဝေဒိတဗ္ဗော ဝိညူဟိတိ - တရားသိမြင် ပညာရှင်တို့သာ သိမြင်နိုင်သော တရားတော်မြတ် တရားတော်မြတ်
တံ ဂုဏသမ္ပန္နံ - သွက္ခာတော အစရှိသော ခြောက်ပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော မဂ် ၊ ဖိုလ် နိဗ္ဗာန် ဓမ္မခဏ် ဟု ဆယ်တန်သတ်မှတ် ထိုတရားတော်မြတ်ကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။
သံဃာဂုဏ်တော် (၉) ပါး
၁) သုပ္ပဋိပန္နော - ကောင်းစွာ ကျင့်တော်မူသော ဘုရားသား တော် သံဃာတော်မြတ် သံဃာတော်မြတ်
(၂) ဥဇုပ္ပဋိပ္ပန္နော - ဖြောင့်စွာ ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၃)ဉာယပ္ပဋိပန္နော - ဆင်းရဲ ကင်းရာ နိဗ္ဗာန် အလို့ ငှာ ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၄) သာမိစိပ္ပဋိပန္နော - ရိုသေသမှု နှင့် လျော်ညီအောင်ကျင့်တော်မူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၅) အာဟု နေယျော - အဝေး မှ ဆောင်၍ ယူလာသော ပစ္စည်းတို့ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၆) ပါဟု နေယျော - ဧည်သည်များ အတွက် စီမံ၍ ထားအပ်သော ပစ္စည်းတို့ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၇) ဒဏ္ခိနေယျော - မြတ်သော အလှု ကို အလှုခံ ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၈) အဉ္စလီ ကရဏီယျော - လက်အုပ်ချီမိုး၍ ရိုသေရှိခိုး ထိုက်သော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
(၉) အနုတ္တရံ ပုညခေတ္တံ လောကဿ - ကုသိုလ် ကောင်းမှု စိုက်ပျိုး ဖို့ရန်အတွက် အတုမရှိအောင် ကောင်း၍ လယ်ယာ မြေကောင်းနှင့် တူသော ဘုရားသားတော် သံဃာတော်မြတ် သံဃာတော်မြတ်
တံ ဂုဏသမ္ပန္နံ - သုပ္ပဋိပန္နော အစရှိသော ကိုးပါးသော ဂုဏ်တော်အပေါင်း တို့နှင့် ပြည့်စုံတော် မူသော ဘုရားသားတော် ထို သံဃာတော် မြတ်ကို အဟံ - ဘုရားတပည့်တော်သည် ဝန္ဒာမိ - ယုံကြည် သဒ္ဒါ ရှေ့ထားကာဖြင့် ရှိခိုးဦးချ ကန်တော့ပါ၏ အရှင်ဘုရား..။
>>>Read more>>> >>