တစ်နေ့ဦးဇင်းသည်
Final စာမေးပွဲဖြေပြီးတော့ ကိုယ့်လက်လှမ်းမှိရာ မြီု့နိုင်ငံတို့ကို ခရီးထွက်ခွာခဲ့သည်
သိကြတဲ့အတိုင်းပဲ ပြည်ပမှာကျောင်းတက်နေတာ ၄ နှစ်လောက်ရှိနေတဲ့ ဦးဇင်းတစ်ပါးမှာ အွန်လိုင်းမိတ်
ဆွေဆိုတာတွေက
တော်တော်ကြီးကိုများပြားခဲ့တယ် ၂၀၀၉ တုန်းကပဲ ထာဝရသူငယ်ချင်းများဆိုဒ်မှာ
ဘာသာရေးစာပေနှင့်
အခြားသောဗဟုသုတရစရာပညာပေးစာပေများကိုလည်း ခေတ်နှင့်အညီမိမိတတ်
ကျွမ်းသော
ပညာလေးများဖြင့် ပညာပေးစာပေများ ဘာသာရေးစာပေများကိုရေးသားလာခဲ့သည် အစတုန်းကတော့ မိတ်ဆွေအပေါင်းအသင်းဒကာဒကာမတွေ
အတော်လည်းကိုနည်းပါးခဲ့တယ်အပြင်မှာ
လည်းထိုအတူပါပဲ
ဒါပေမဲ့ ဘယ်လိုပြောရမလဲ ကိုယ်ရေးတဲ့စာပေတွေကိုကြီုက်နှစ်သက်လို့လားတော့
မသိပါ..ဦးဇင်းရဲ့အကောင့်မှာ
တစ်နေ့ကို လာအပ်တဲ့သူဟာ အယောက် ၂၀ မကများပြားလာပါတယ်
ဦးဇင်းရဲ့စိတ်ကတော့ဘယ်သူလာအပ်အပ်လက်ခံပေးပါတယ်…လက်ခံစကားပြောပေးပါတယ်သူတို့သိလို
တဲ့မေးခွန်းတွေကို
ကိုယ့်သိသလောက်ရှင်းပြပေးတယ် ကိုယ့်မသိမတတ်ကျွမ်းတဲ့အရာတွေ ဓမ္မစာပေတွေ
ကိုတော့ မေးလာသူတို့ရဲ့
ကိုးကွယ်တဲ့ကျောင်းကဆရာတွေကို မေးကြည့်ပါလို့ပြေခိုင်းပါတယ်..ဘာကြောင့်
လဲဆိုတော့
လူဆိုတာ အမြင်ခြင်း အသိခြင်းက မတူကြဘူးလေ ကိုယ်တတ်ကျွမ်းရာ ပညာအတတ်တွေနဲ့ပဲ
လူဘ၀ လူလောကမှာကျင်လည်ကြရတာကိုး..တစ်ချီု့လာအပ်တဲ့အထဲမှာ
ဘာသာခြားတွေလည်းပါသလို့ မိမိဘာသာထဲကလူငယ်လေးတွေလည်း တော်တော်များများပါလာကြတယ်..ဒီအထဲမှာကိုယ့်ဘာသာကရော
တခြားဘာသာထဲက
လူတွေပါ အတော်ရိုင်းတဲ့စကားလုံးတွေနဲ့ ဦးဇှုးကို ဆက်ဆံကြတယ် အစတော့သိးခံပါ
တယ် နောက်တော့
သူတို့မေးတာကို ဦးဇင်းကပြန်မပြောလေတော့ဦးဇင်းကိုဆဲလာကြတယ်ဘုန်းကြိးမဟုပ်
ပဲနဲ့ဘုန်းကြိးဟန်ဆောင်ထားတယ်..လူလိမ်တဲ့..ပြီးတော့တစ်ချီု့ကခေါ်သေးတယ်ဖီးဂျုံးတဲ့ဆိုလိုတာကတော့
ဖီးဂျုံးဆိုတော့ဘုန်းကြိးပေါ့လေဒါပေမဲ့မြတ်ဗုဒ္ဓရဲ့သာသနာတော်ဝယ်တပည့်သားရဟန်းတို့မည်သည့်အရာရာ
ကိုသိးခံနိုင်အောင်ကျင့်ရမည်
နေရမည့်သိးခံခြင်းဟာအောင်မြင်ခြင်းပဲဆိုမြတ်ဗုဒ္ဓကမိန့်မှာခဲ့တယ်.ဒါကြောင့်
ဦးဇင်းဟာ
ဘုရားရဲ့ တပည့်သားပဲဆိုတာကိုအမြဲနှလုံးသွင်းထားတယ် ဒေါသဆိုတာကိုမထားဘူးအဲဒီလူရဲ့အ
ပေါ်မှာ မေတ္တာပဲထားတယ်
မေတ္တာပဲပို့တယ် သူတို့ရဲ့ အကုသိုလ်တွေကို ကိုယ့်ရဲ့
အကုသိုလ်အဖြစ်မခံယူ
ဘူး..သူကိုမေတ္တာထားခြင်းဖြင့်
သူတို့ကိုမေတ္တာပို့ပေးခြင်းဖြင့် ကိုယ့်မှာ အကုသိုလ်ဖြစ်မဲ့အစား ကုသိုလ်ပဲ
ယူလိုက်တယ်…..ငါ့ကဘုရားသားပဲ
တရားဆိုတာကိုလည်း နာဘူးတယ်ဟောဘူးတယ် ကျင့်ဘူးတယ်..
တရားအသိလည်းနဲ့
နေနိုင်ရမယ်ဆိုတဲ့စိတ်ကအမြဲနှလုံးသားထဲမှာ ကိန်းအောင်းနေအောင်ထားတယ် လူ့ဘ၀ခဏလာကြတာလူတွေကိုလူလို့ပဲကြည့်ပြီးတော့ကိုယ့်ကိုလည်းလူတွေကရဟန်းဆိုတာကိုသိမယ်လို့အ
ကြွင်းမဲ့
ယုံကြည့်တယ် ကိုယ့်ကမညာဘူးတော့ မလိမ်ဘူးတော့ ကိုယ့်ကိုလည်းလိမ်မဲ့သူညာမဲ့သူဆိုတာလုံး
ဝမရှိဘူးလို့ယုံကြည်ခဲ့တယ်..ဒါပေမဲ့ကိုယ့်စိတ်ထင်ထားသလိုမဖြစ်လာဘူး
လောကကြီးကပဲဆန်းကြယ်နေတာ
လားလူတွေကများဘုန်းကြီးရဟန်းသံဃာကိုလိမ်နေတာလားဆိုတာကိုတော့ဦးဇင်းလည်းမပြောတတ်တော့
ပါ..ဘာကြောင့်လည်းဆိုတော့
စင်္ကပူကိုအလည်ရောက်ခဲ့တယ်…ကိုယ့်လိုလူတွေကနည်းပြီးတော့ရဟန်းသံ
ဃာကိုတောင်လိမ်ညာတဲ့သူကများနေတယ်
စိတ်မဆိုးကြပါနဲ့..ဦးဇင်းကအမှန်ကိုလိုလားသူပါ…ဆိုရီုးစကားရှိယ်မလား..မဖြစ်နိုင်တာကိုမပြောနဲ့မလုပ်နဲ့ဆို
တာလေ..အဲဥပမာလိုပဲလူအချင်းချင်းကတော့ထားလိုက်ပါရဟန်းသံဃာတပါးကိုလိမ်ညာတယ်ဆိုတာခုဘ
ဝရောနောင်ဘ၀ပါမကောင်းဘူးမလားဒီလိုရဟန်းစစ်ရဟန်းမှန်တစ်ပါးကိုလိမ်ညာသောအားဖြင့်..လိမ်ညာ
လိုက်တဲ့သူမှာ..မိမိကိုးကွယ်ရာရတနာထဲကသံဃာရတနာကိုလိမ်တဲ့အတွက်…အဆင်မပြေမူများဒုက္ခ
သောကတွေကိုခံစားရတတ်တယ်…ခလုပ်ထိမှ..အမိတဆိုသလိုမိမိလိမ်ညာပြီးမှာ..ပြန်လည်၍မလိမ်ပါဘူး
မညာပါဘူးဆိုလို့မရတော့ပေ…မိမိပြုသောကံမိမိလုပ်ထားသောအရာတိုင်းသည်သူတပါးအားလိမ်ညာ၍
ရပေလိမ့်မည်…မိမိကိုယ်မိမိကားလိမ်ညာ၍မရပါ…ဦးဇင်းမြန်မာပြည်သွားတော့လည်းထိုအတူပါပဲလ…
လာတဲ့သူမညာတဲ့သူကနည်း၏…ဒါကြောင့်လည်းဦးဇင်းတို့ဘာသာတရားကိုးကွယ်တဲ့သူတွေဟာ..
များသောအားဖြင့်ဆင်းရဲဒုက္ခနဲ့တွေကြုံရတာတွေပဲများနေတယ်..ဘာကြောင့်လည်းဆိုတော့…
ရတနာသုံးပါးကို
မလေးစားမကြည်ညို မယုံတစ်ဝက်ယုံတစ်ဝက်ဖြစ်နေလို့ပါပဲ….တခြားဘာသာဝင်တွေ
တခြလားဘာသာတွေမှာလည်းရှိတော့ရှိမည်..သို့သော်နည်းပါးလိမ့်မည်…ဘာကြောင့်ဒီလိုပြောနိုင်သလည်း
ဆိုရင်..တခြားဘာသာဝင်တွေမှာသူတို့ရဲ့ဘုရားကျောင်းတက်တဲ့နေ့တွေဆိုကလေးရောလူကြီးပါမကျန်
ဘုရားကျောင်းတက်ဝတ်ပြုကြတယ်..ဦးဇင်းတို့ရဲ့ဘာသာဝင်တွေမှာကဥပုသ်နေ့တွေမှာတောင် ကျောင်း
ကန်ဘုရားသွား၍ဥပုသ်သီလဆောက်တည်တဲ့သူဆိုတာရှားပါးသွားပြိလူကြီးရောလူငယ်ရောပဲ..
ဒါတွေဟာမိမိတို့ရဲ့ဘာသာတရားအပေါ်မှာယုံကြည်မှူ့ဆိုတဲ့သဒ္ဒါတရားတွေမရှိလို့ပဲ…ကိုယ့်ကိုပြန်ဆန်း
စစ်ကြည့်လိုက်ပါဟုပ်မဟုပ်ဆိုတာကို..သဒ္ဒါတရားမရှိတဲ့သူဟာဘယ်မှာဥစ္စာပစ္စည်းဆိုတာရမည်နည်း..
သဒ္ဒါတရားပြုတဲ့သူမှန်သမျှချက်ချင်းချမ်းသာရာရကြတယ်…ဘာချမ်းသာကိုရသလည်းဆိုတော့ပစ္စည်း
ဥစ္စာတွေမရခင်စိတ်ချမ်းသာမှူ့ကိုတော့ထိုသူဟာအနည်းနဲ့အများဆိုသလိုလက်ငင်းရတာပါပဲ..
ဒါကြောင့်မိမိတို့ရဲ့ ဘာသာတရားအပေါ်မှာမိမိတို့ရဲ့
ရတနာသုံးပါးထဲက တပါးပါးကိုလိမ်ညာမိရင်တော့ ဘ၀မှာရင်လေးစရာပါပဲ မိမိမလုပ်နိုင်ပဲမပြောနဲ့
မလုပ်နိုင်ပဲပြောမိရင်
ပြောမိတဲ့ ကံရဲ့ဆိုးကျီုးကောင်းကျီုးကို မိမိပြုတဲ့သူ ပြောတဲ့သူသာလျှင်ခံစားရပါတယ်
ဒါကလည်းဦးဇင်းတို့က
ဖြစ်ပြိးတဲ့သူကိုနောင်မဖြစ်အောင်..ဆုံးမတဲ့သဘောနဲ့ပြောပြတာပါ……။
ဒီအကြောင်းတွေကိုတစ်နေ့
ဖူးစာရှင်လေးဆိုဒ်မှာ ပညာပေးစာပေတွေရေးတဲ့ အက်ဒမင် မ မ ရဲ့အိမ်ကျောက်မြောင်းမှာစကားပြောနေခိုက်..အက်ဒမင်မမရဲ့အိမ်ကိုအသားဖြူဖြူဒကာတစ်ယောက်
ရောက်လာတယ်သူကဦးဇင်းကို
ဦးမချဘူး စကားလည်းမပြောဘူး သူဘာသူဦးဇင်းရဲ့
ခပ်လှမ်းလှမ်းမှာ ထိုင်ပြီးတော့ဦးဇင်းတို့ပြောတဲ့စကားကို
နားထောင်နေတယ်နာဝက်လောက်စကားပြောပြိးတဲ့အချိန်မှာတော့ ထိုအသားဖြူဖြူဒကာကစကားတခွန်းဝင်ပြောလာတယ်သူကိုသူလည်းကျွန်တော်တဲ့..ကျွန်တော်တစ်
ခုလောက်ပြောမယ်ဦးဇင်းတဲ့ကျွန်တော်ကGodရှိတာကိုသူယုံကြည်တယ်တဲ့သူအဲလိုဘာလို့ဝင်ပြောလည်း
ဆိုရင်..ဦးဇင်းနဲ့ အက်ဒမင် မ
မတို့က ဘာသာရေးအကြောင်းပြောနေကြတာကိုး…အဲလို
အသားဖြူဖြူ ဒကာကပြောတော့ ကဲဒကာရယ် God ရှိတယ်ဆိုတာကိုဘယ်လိုပြောနိုင်လည်းဘယ်လို့ရှိတယ်ဆိုတာကို
သက်သေပြနိုင်မလည်းဆိုတော့ သူကအဲလိုလဲမဟုပ်ဘူးတဲ့
သူက God ရှိတယ်ဆိုတာကိုပဲယုံကြည်တာတဲ့ သူကဘယ်ဘာသာကိုမှ မကိုးကွယ်သေးဘူးတဲ့ ခုမှ လေ့လာဆဲပါတဲ့
ဒါဆို ဒကာကြီးရဲ့ မိဘတွေကဘယ်ဘာသာဝင်လဲဆိုတော့ သူက ကျွန်တော်ရဲ့ မိဘဘိုးဘွားတွေက ထေရ၀ါဒ
ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါတဲ့ …ဒါနဲ့ဦးဇင်းက…ဟာဒါဆိုဒကာတော်ကရောဘာလို့ ဘာသာမ
ရှိဖြစ်နေတာလဲ
လေ့လာနေဆဲလို့ပြောတာလည်းဆိုတော့သူရဲ့ကိုယ့်ပိုင်အသိနဲ့ ဆုံးဖြတ်ပြီးမှာ ကိုးကွယ်ချင်လို့တဲ့….ဒါဆိုသူကိုဦးဇင်းတို့
လောလောဆယ်နာမည်တပ်ရမှာက သူဟာ မိရီုးဖလာ
ဗုဒ္ဓဘာသာပဲ
တကယ့်ဗုဒ္ဓဘာသာမဟုပ်ဘူး…ဘာလို့လည်းဆိုတော့ သူဟာ သရဏဂုံ သုံးပါး ပြောရရင်တော့ရတနာ သုံးပါးကို
အကြွင်းမဲ့ ယုံကြည်သူမဟုပ်ဘူးလို့ပြောရမှာပဲ..ဦးဇင်းရဲ့ ဒကာဒကာမများကို စောစောကအထက်မှာဦးဇင်းပြောခဲ့သလိုပဲ
ရတနာ သုံးပါးကိုမယုံကြည်လို ညာခဲ့တယ်ဆိုတာအဲဒါကိုဒီဥပမာလေးနဲ့ပြချင်လို့ပါပဲ…ဒါကြောင့်ဦးဇင်းကထိုဒကာကို*၀*လုံးလေးနဲ့
ဥပမာပေးလိုက်တယ်….ယုံကြည်မူဆိုတာ..သူတပါးကိုမေးစရာမလိုဘူး….ဦးဇင်းက၀)လုံးလေးကိုရေးပြမယ်
…..ဒကာကြီးဘယ်လို့မြင်လည်းဆိုတော့ဇီးရီုးလို့မြင်တယ်တဲ့…ဒါနဲ့
နောက်တစ်ယောက်ကိုမေးတယ်.
.နောက်တစ်ယောက်က…(သုည) လို့မြင်တယ်တဲ့..ဒါနဲ့ အက်ဒမင် မ မ ကိုမေးတယ်သူက
( လပြည့်ဝန်း) လို့မြင်တယ်တဲ့…..ဒါနဲ့ဦးဇင်းရောတဲ့ သူတို့ကပြန်မေးတယ်
ဘယ်လိုမြင်လဲတဲ့
ဦးဇင်းက (၀) လုံးလို့ပဲမြင်တယ်လို့ပြောလိုက်တယ်…ဒါနဲ့ အဲအသားဖြူဖြူ ဒကာက ဟာဒါဆိုအားလုံးဟာမှန်နေတာပဲမလားတဲ့…အဲတော့မှာ
ဦးဇင်းကပြောပြလိုက်တယ် ဒကာတော် ဘာသာတရားဆိုတာကိုယ့်ယုံကြည့်ရာကိုကီုးကွယ်တာအကောင်းဆုံးပဲအားလုံးဟာ(၀)လုံးလေးဥပမာ
လို့ပဲလို့ပြောလိုက်တော့မှသူလည်း သဘောပေါက်သွားတယ်…ဦးဇင်းကဒါပေမဲ့
သူကို နောက် ထပ်ဥပမာတစ်ခုထပ်ပေးလိုက်တယ်..ဒကာတော်
(၀) လုံးဥပမာဆိုပေမဲ့ ဂဏာန်းသင်္ချာ တွက်တဲ့အခါ
(၀) လုံးလို့သွားရေးလို့မရတော့ဘူးနော်လို့လက်တွေကျတဲ့
(၀)ဆိုပေမဲ့ ဇီးရီုးလို့ရေးမှာ အမှန်ဖြစ်မယ်လို့ပြောလိုက်တော့ ထို့အသားဖြူဖြူ ဒကာလေးကသဘောကျသွားဟန်တူတယ်
ပြုံးပြုးလေးနဲ့ ဦးဇင်းအားကြည့်နေတော့တယ်….ဆိုလိုရင်းကတော့ လက်တွေကျတဲ့အကျင့်စရဏတွေရှိတဲ့
ဘာသာတရားဟာ..ကိုယ့်တိုင် တွေ့ရတဲ့ မြင်ရတဲ့ ကိုယ့်တွေ့ခံစားရတဲ့အရာဆိုတာကို
ကိုပြောခြင်းသာဖြစ်ပါတယ်……စာဖတ်သူ
ဒကာဒကာမ အပေါင်း မိမိတို့ရဲ့ ကိုယ်ပိုင်အသိနဲ့ ရတနာသုံးပါးရဲ့
အပေါ်မှာ ယုံကြည်မှူ့
သဒ္ဒါတရားကိုတည်ဆောက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
အရှင်မုနိန္ဒ
(ပန်းထော်)
M.A မာဂဓတက္ကသိုလ်
(waiting for PhD)
No comments:
Post a Comment