ဦးဇင်းသည် ဗုဒ္ဓဘာသာဝင်မိသားစုမှ ပေါက်ဖွားလာသော ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်သည်။သို့သော်
မိရိုးဖလာဓလေ့ထုံးစံများကိုမူ လွယ်လွယ်နှင့် ခံယူတတ်သော ဗုဒ္ဓဘာသာဝင်မျိုး တော့
မဟုတ်ပါ ။ ဦးဇင်းသည်ဗုဒ္ဓတရားတော်များ၏နက်ရှိုင်းပုံလေးနက်ပုံနှင့်သိမ်မွေ့လှပုံတို့ကို လေးလေးနက်နက်
လေ့လာထားပြီးဖြစ်သော်လည်းဗုဒ္ဓဘာသာဝင်တို့၏လူနေမှုစရိုက်ဓလေ့ထုံးစံနှင့်နတ်ကိုးကွယ်မှုဆိုင်ရာ
တို့ကိုမူလေးလေးနက်နက်မလေ့လာမိခဲ့မသီရှိခဲ့၊မစဉ်းစားမိခဲ့ဖူးပါပိုမိုတိကျအောင်ပြောရလျှင်ဗုဒ္ဓဘာသာ
ဝင်တို့ကိုးကွယ်မှုအပိုင်း၏အုတ်ရောရောကျောက်ရောရောဖြစ်နေသောနတ်ကိုးကွယ်မှုဆိုင်ရာဓလေ့
ထုံးစံများကိုသတိမမူမိခဲ့ပါစိတ်လည်းမ၀င်စားခဲ့ပါဦးဇင်းတို့ရခိုင်ဘက်မှာလည်းနတ်ကိုးကွယ်တာတွေမရှိပါ
ဗမာပြည်ရောက်မှာနတ်ကိုးကွယ်တာသိရပါတယ်ဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်း
များကိုမမျှော်လင့်ပဲအမေးခံရတော့မှဗုဒ္ဓဘာသာဝင်များနှင့်နတ်ကိုးကွယ်ခြင်းတို့သည်အခြားဘာသာဝင်တို့၏
အမြင်မှာတော့ရောထွေးယှက်တင်နေသယောင်ရှိနေတာပဲဟုသတိပြုမိကာဒီဆောင်းပါးကို
ရေးသားရန် ဆန္ဒများ ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်။
တစ်ချို့နိုင်ငံခြားသားများသည်ထေရ၀ါဒတရားတော်၏ဂုဏ်ကျေးဇူးများကြောင့်ဗုဒ္ဓဘာသာတရားတော်များ
တစ်ချို့နိုင်ငံခြားသားများသည်ထေရ၀ါဒတရားတော်၏ဂုဏ်ကျေးဇူးများကြောင့်ဗုဒ္ဓဘာသာတရားတော်များ
ကိုမြတ်နိုးကြည်ညိုလာကြပြီးထေရ၀ါဒသာသနာနှင့်ဆက်စပ်လာလျှင်စံထားလောက်သောမြန်မာနိုင်ငံတော်
ကြီးဆီသို့မရောက်ရောက်အောင်
ယုံကြည်ချက် ဖြင့် ကြိုးစားပြီးလာခဲ့ကြသူတွေ ဖြစ်သည်။
ထိုအခါ
ဗုဒ္ဓဘာသာဝင်များသည်ပင်သတိမမူဖြစ်နေခဲ့သောဗုဒ္ဓဘာသာတရားနှင့်နတ်ကိုးကွယ်မှုဆိုင်ရာ
ဓလေ့ထုံးစံများရောထွေးယှက်တင်နေသည်ကိုသူတို့တွေမြင်သွားကြတော့သည်ဗုဒ္ဓဘာသာဝင်ဆိုသူတို့
ဘုရားပွဲအတွက်ပြင်ဆင်ထားသောအချို၊အဆိမ့်များငှက်ပျောပွဲအုန်းပွဲနှင့်နတ်တွေအတွက်ပြင်ဆင်ထားသော
ငှက်ပျောအုန်းပွဲများအပြင်ချိတ်ဆွဲထားသောနတ်အုန်းသီးများကိုပါ တွေ့ကြရ၊မြင်ကြရ
သောအခါ ထေရ၀ါဒ
ဗုဒ္ဓဘာသာ တရားတော်များအပေါ်မှာ သံသယစိတ်တွေ ၀င်လာကြသည်။ သူတို့မှာ
ဖြစ်နေသောသံသယစိတ်တွေကတော့ အများကြီးပင်၎င်းတို့ အထဲမှ ထင်ရှားတာတစ်ခုကို ထုတ်ပြရလျှင်
ဘုရား တရား သံဃာရတနာသုံးပါးကို ကိုးကွယ်နေကြသော ဗုဒ္ဓဘာသာဝင်တို့သည် နတ်တွေကို
ဘုရားနှင့်တန်းတူရည်တူထား၍ အိမ်တွင်းမှာကိုးကွယ်ပူဇော်ပသနေခြင်းလော ၊သို့မဟုတ်
ဘယ်လိုလဲဘုရားကို ကိုးကွယ် ပူဇော်ခြင်းမျိုးက တစ်ကဏ္ဍ နတ်တွေကိုကိုးကွယ်ပူဇော်ခြင်းမျိုးက
တစ်ကဏ္ဍဤကဏ္ဍ နှစ်ခု ဘယ်လိုခြားနားနေပါသလဲဤကဲ့သို့သောသံသယစိတ်တွေသူတို့မှာ
ဖြစ်နေသည် နိုင်ငံခြားသားတွေကဗုဒ္ဓဘာသာဝင်တွေရဲ့အပေါ်မှာဘာသာတရားကိုကိုးကွယ်မှုခံယူမှုတွေနှင့်ပတ်သက်ပြီး
သံသယစိတ်တွေဖြစ်မည်ဆိုလျှင်လည်းဖြစ်လောက်စရာပင်မဟုပ်ပါလားအချို့ဗုဒ္ဓဘာသာဝင်ဆိုသူတို့သည်
အိမ်မှာဘုရားအတွက်ပူဇော်ထားသောငှက်ပျောပွဲအုန်းပွဲတွေကိုသာအညှိုးခံချင်ခံမည်နတ်တွေအတွက်ပူဇော်
ပသထားသောငှက်ပျောပွဲ၊အုန်းပွဲမျိုးတွေအတွက်ပူဇော်ပသထားသောငှက်ပျောပွဲအုန်းပွဲမျိုးတွေကိုတော့
ဘယ်သောအခါမှအညှိုးမခံအမြဲတမ်းပဲအသစ်သစ်တွေနဲ့လဲလှယ်ပူဇော်ပေးနေကြသည်သေးကွေးလှသော
ဘုရားရုပ်ပွားတော်လေးများသည်ခန့်ညားထည်ဝါလှသောနတ်ရုပ်တွေအနားမှာမထင်မရှားအသွင်လေးနှင့်
သီတင်းသုံးနေကြရသောအဖြစ်မျိုးတွေကလည်း
အချို့အိမ်တွေမှာရှိနေဆဲဖြစ်သည်။ မြန်မာပြည်အနှံ့ ဟိုဟိုသည်သည်ကြည့်ပြန်တော့လည်းနတ်ပွဲတွေကနားပွဲတွေသည်ရပ်ကွက်တွေရပ်ရွာတွေထဲမှာခြိမ့်ခြိမ့်
ညံနေဆဲ။ဤအခြေအနေတွေကိုတွေ့နေရမြင်နေရတော့လည်းစူးစမ်းတတ်၊ဆင်ခြင်တတ်၊စဉ်းစားတတ်
ကြသောနိုင်ငံခြားသားတွေစဉ်းစားကြသည်မှာဆန်းတော့မဆန်းလှတော့ပါဟုသာဆိုရပေတော့မည်
ဦးဇင်းသည်နတ်ကိုးကွယ်ခြင်းဆိုင်ရာမေးခွန်းများကိုအမေးခံရပြီးသည့်နောက်ပိုင်းမှာဗုဒ္ဓဘာသာဝင်များနှင့်
နတ်ကိုးကွယ်မှုဆိုင်ရာဘာသာရေးပြဿနာတွေကိုအတော်လေးစိတ်ဝင်စားလာသည်။နတ်ကိုးကွယ်ခြင်း
ဆိုင်ရာကိစ္စတွေကိုလည်းမကြာမကြာစဉ်းစား
ကြည့်မိသည် ။ နတ်ကိုးကွယ်မှုဆိုတာအယူမှားလမ်းမှားများသို့လိုက်မှားတတ်ပြီးပစ္စုပ္ပန်သံသရာမှာအကျိုးကျေးဇူးမဲ့မှုများ
ကိုဖြစ်စေနိုင်သည်ဆိုသည့်ပညာရှိသူတော်မွန်တွေဆုံးမစကားများကိုလည်းအမှတ်ရနေမိပြန်သည်။သည်
လိုအခြေအနေတွေအကြောင်းကြောင်းတွေကြောင့်ဦးဇင်းသည်နတ်ကိုးကွယ်မှုနှင့်ပတ်သက်ပြီးဗုဒ္ဓစာပေ
ကျမ်းဂန်များတွင်ဘယ်ပုံဘယ်နည်းဖြင့်ရှင်းလင်းဖော်ပြထားသည်ဆိုသည်ကိုပြန်၍လေ့လာရပြန်သည်
ဘာသာရေးနယ်ပယ်တွင်ယုံကြည်မှုဆိုင်ရာနှင့်ပတ်သက်ပြီးသိမ်မွေ့လှသောဒီဆောင်းပါးမျိုးကို
ရေးရပြီ
ဆိုလျှင်အချို့ကဤကဲ့သို့သောမေးခွန်းမျိုးများကိုလည်းမေးလာနိုင်ပါသည်(မြန်မာနိုင်ငံမှာဗုဒ္ဓဘာသာဝင်
ဦးရေဘယ်လောက်ရှိနေသလဲနတ်ဘာသာဝင်ဦးရေဘယ်လောက်ရှိနေသလဲ)စသောမေးခွန်းမျိုးတွေဖြစ်
သည်။အမေးရှိလျှင်တော့အဖြေကလည်းရှိစမြဲပင်ဦးဇင်း၏အဖြေကတော့(ဦးဇင်းမသိပါ)ဟူ၍သာဖြစ်လိမ့်
မည်။ဦးဇင်းဒီဆောင်းပါးကိုရေးသားရခြင်း၏အဓိကရည်ရွယ်ချက်မှာဗုဒ္ဓဘာသာဝင်ဦးရေကဘယ်လောက်
နတ်ဘာသာဝင်ဦးရေကဘယ်လောက်ရှိသလဲဆိုတာကိုစာရင်းကောက်ရန်မဟုတ်ပါ။အချိန်လည်းမပေးနိုင်
ပါသို့သော်နတ်ကိုးကွယ်မှုဆိုင်ရာနှင့်ပတ်သက်ပြီးအဖြူအမည်းသဲကွဲအောင်ဦးဇင်းအစီအစဉ်လေးတစ်ခု
ကိုတော့ပြုထားတာရှိပါသည်၎င်းအစီအစဉ်ကတော့ဦးဇင်းရေးသား
ထားသောဒီဆောင်းပါးကို ဖတ်ရှုလေ့လာပြီးသောအခါစာဖတ်သူကိုယ်တိုင်ပင်ငါသည်ဗုဒ္ဓဘာသာတရားကိုလေးလေးစားစားးမြတ်မြတ်
နိုးနိုးနက်နက်ရှိုင်းရှိုင်းဖြင့်ကိုးကွယ်နေသူဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ကိုယ်တိုင်ပဲ
ထုတ်ဖော်ပြောကြားလာနိုင်မည့်အစီအစဉ်လေးတစ်ခုပင်ဖြစ်သည်။၎င်းအစီအစဉ်သည်စာဖတ်သူနေ
လိုသောဘက်မှာနေနိုင်အောင်စီစဉ်ထားခြင်းဖြစ်သည်အားနာစရာမလိုပါရိုးသားပွင့်လင်းစွာဖြင့်အရှိကို
အရှိအတိုင်းအမှန်ကိုအမှန်အတိုင်းထုတ်ဖော်ပြောကြားရန်သာဖြစ်သည်မှန်မှန်ကန်ကန်ပြောရဲဆိုရဲသော
သတ္တိမျိုးရှိဖို့တော့လိုအပ်ပါသည်မိမိကိုယ်ကိုမိမိဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက်ဟုတ်မဟုတ်ကိုယ့်
ကိုယ်ကိုသိနိုင်ရန်စံထားပြီးလေ့လာရမည့်မှတ်ကျောက်တစ်ခုမှာဒီလိုပါ။
(၁)သရဏဂုံသုံးပါး(ဘုရားတရားသံဃာရတနာသုံပါး)ကိုမိမိ၏နှလုံးသားမှာတည်ထားပြီးသူဟုတ်မဟုတ်
(၁)သရဏဂုံသုံးပါး(ဘုရားတရားသံဃာရတနာသုံပါး)ကိုမိမိ၏နှလုံးသားမှာတည်ထားပြီးသူဟုတ်မဟုတ်
စဉ်းစားဖို့ပါ။
(၂)ငါးပါးသီလမြဲမှု၊ကံ,ကံ၏အကျိုးတရားများကိုလေးလေးစားစားမြတ်မြတ်နိုးနိုးဖြင့်လက်ခံထားသူသို့မဟုတ်
ခံယူထားသူ ဟုတ်မဟုတ်ပါ ။
(၃)ရတနာသုံးပါးမှတစ်ပါးကိုးကွယ်ရာမရှိသူ(သို့မဟုတ်)ရတနာသုံးပါးမှတစ်ပါးနောက်ထပ်ကိုးကွယ်ရာကို ရှာနေသူ ဟုတ်မဟုတ်ဒီသုံးမျီုးကိုအခြေခံထား၍မိမိကိုယ်တိုင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဟုတ်မဟုတ်ဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ကြည့်မယ်ဆိုပါကစာဖတ်သူများကိုယ်တိုင်ပင်ဗုဒ္ဓဘာသာ
(၃)ရတနာသုံးပါးမှတစ်ပါးကိုးကွယ်ရာမရှိသူ(သို့မဟုတ်)ရတနာသုံးပါးမှတစ်ပါးနောက်ထပ်ကိုးကွယ်ရာကို ရှာနေသူ ဟုတ်မဟုတ်ဒီသုံးမျီုးကိုအခြေခံထား၍မိမိကိုယ်တိုင်ဗုဒ္ဓဘာသာဝင်ကောင်းတစ်ယောက် ဟုတ်မဟုတ်ဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ကြည့်မယ်ဆိုပါကစာဖတ်သူများကိုယ်တိုင်ပင်ဗုဒ္ဓဘာသာ
ဝင်ကောင်းတစ်ယောက်
ဟုတ်မဟုတ်အဖြေပေးနိုင်လာပါလိမ့်မည်မဟုတ်ပါလား။
(အချို့ကလည်းသရဏဂုံတည်ထားပြီးသူတစ်ယောက်သည်ကြောက်၍ဖြစ်စေခြောက်၍ဖြစ်စေလာဘ်လာ
ဘကြောင့်ဖြစ်စေမိရိုးဖလာဓလေ့ထုံးစံကိုမပယ်နိုင်သောကြောင့်ဖြစ်စေဤအကြောင်းများအားလုံးကြောင့်ဖြ
စ်စေသို့မဟုတ်ဤအကြောင်းတစ်ခုခု
ကြောင့်ဖြစ်စေနတ်ကို(နတ်များကို)ကိုးကွယ်နေလျှင်သရဏဂုံမပျက်
နိုင်ဟုဆိုလိုချင်ကြပေသည်။သို့သော်အထက်မှာဖော်ပြပြီးဖြစ်သောဘာသာဝင်မှတ်ကျောက်ပေါ်မှာတင်ပြိး
မိမိကိုယ်ကိုစစ်ဆေးရာတွင်ခြွင်းချက်ထား၍စစ်ဆေးတာမျိုးကိုဦးဇင်း၏ဆန္ဒအရပြောရလျှင်တော့မဖြစ်သင့်
ပါဟူ၍။ဖြူစင်သန့်ရှင်းပြီးစစ်မှန်သောထေရ၀ါဒတရားတော်များကိုအမည်းစက်တွေစွန်းထင်းအောင်အများ
ဆုံးပြုလုပ်နေကြသူများသည်
နတ်တွေကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးကိုယ့်စီးပွားရှာနေသောသူတွေ ဖြစ်သည်
အများရဲ့ကိုးကွယ်မှုအခွင့်အရေးကိုတစ်နည်းတစ်လမ်းဖြင့်ဖြားယောင်းသွေးဆောင်ပြီးကိုယ်ကျိုးကိုယ့်စီးပွား
ကိုရှာနေကြသောပုဂ္ဂိုလ်များထဲတွင်နတ်ဝင်သည်တွေနှင့်ဘိုးတော်ဘွားတော်ဆိုသူများသည်ရှေတန်းမှပါဝ
င်နေသည်ထိုသူတွေအတွက်မေးခွန်းထုတ်စရာအချက်အလက်တွေတင်ပြရန်အချက်အလက်တွေများပြား
လှသော်လည်းမေးခွန်းထုတ်၍ဖြေကြားရန်ဆွေးနွေးရန်ဒီဆောင်းပါးတွင်အချိန်မပေးနိုင်သောကြောင့်
ဤဆောင်းပါးအတွက်အဓိကတင်ပြလိုသောမိရိုးဖလာနတ်ကိုးကွယ်မှုနှင့်စပ်လျဉ်းသောမေးခွန်းတစ်ခုကို
သာထုတ်၍တင်ပြလိုပါသည်။အဘယ်ကြောင့်လူသားတွေ(ဗုဒ္ဓဘာသာဝင်တွေ)နတ်တွေကိုကိုးကွယ်ရာ
အဖြစ်သတ်မှတ်၍ကိုးကွယ်ပူဇော်ပသနေကြသနည်း။ဒီမေးခွန်းသည်ဤဆောင်းပါးအတွက်အရေးကြီးသော
အဓိကသော့ချက်ဖြစ်သည်။ဤနေရာတွင်အထူးပြုပြောကြားလိုသည်မှာဒီဆောင်းပါးသည်နတ်ကိုးကွယ်မှု
ဆိုင်ရာနှင့်ဆက်စပ်သောအကြောင်းအရာများကိုသာအထူးပြုတင်ပြပါမည်။အောက်ဖော်ပြပါအချက်အ
လက်များသည်နတ်များကိုကိုးကွယ်ရခြင်း၏အဓိကကျသောအခြေခံအကြောင်းတရားများ
ဖြစ်ကြောင်း
လေ့လာတွေ့ရှိရပါသည်။
နတ်ကိုးကွယ်ခြင်း၏ အခြေခံအကြောင်းတရား ( ၅ ) ပါး
(၁)ကြောက်၍ကိုးကွယ်ခြင်း(၂)လာဘ်လာဘကိုငဲ့၍ကိုးကွယ်ခြင်း(၃)အားကိုးအားထားပြုလို၍ကိုးကွယ်ခြင်း
(၄)မိရိုးဖလာဓလေ့ထုံးစံများကိုမစွန့်ပယ်ဝံ့၍ကိုးကွယ်ခြင်း(၅)မသိနားမလည်ခြင်းအယူလွဲမှားခြင်းတို့ကြောင့် ကိုးကွယ်ခြင်းဟူ၍ နတ်ကိုးကွယ်ခြင်း ဆိုင်ရာ အခြေခံအကြောင်းတရားငါးပါးကို တွေ့ရပါသည်။
နတ်ကိုးကွယ်ခြင်း၏ အခြေခံအကြောင်းတရား ( ၅ ) ပါး
(၁)ကြောက်၍ကိုးကွယ်ခြင်း(၂)လာဘ်လာဘကိုငဲ့၍ကိုးကွယ်ခြင်း(၃)အားကိုးအားထားပြုလို၍ကိုးကွယ်ခြင်း
(၄)မိရိုးဖလာဓလေ့ထုံးစံများကိုမစွန့်ပယ်ဝံ့၍ကိုးကွယ်ခြင်း(၅)မသိနားမလည်ခြင်းအယူလွဲမှားခြင်းတို့ကြောင့် ကိုးကွယ်ခြင်းဟူ၍ နတ်ကိုးကွယ်ခြင်း ဆိုင်ရာ အခြေခံအကြောင်းတရားငါးပါးကို တွေ့ရပါသည်။
သင်သည်
ဘယ်လိုဘာသာကို ကိုးကွယ်သူဖြစ်နေသနည်းသင်ကိုသင်ပြန်သုံးသပ်ပြီးရဲရဲဝံ့ဝံ့ဝန်ခံလိုက်
ပါငါသည်မည်သည့်ဘာသာကိုးကွယ်သူဖြစ်နေသည်ဟူ၍ဗုဒ္ဓဘာသာအစစ်ကိုကိုးကွယ်သူများဖြစ်
နိုင်အောင်ကြီုးစားအားထုပ်နိုင်ကြပါစေလို့ဦးဇင်းကဆန္ဒပြုပါ၏..။
No comments:
Post a Comment